ရေကြည်  ၂၆ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရ မုန့်ဟင်းခါးဖို နှစ်ဖိုအား လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင် တစ်လပိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

ရေကြည်မြို့အတွင်း FDA နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာတွင် မြို့မဈေးအတွင်းရှိ အစားအသောက် နမူနာ စုစုပေါင်း ၃၅ မျိုးအား ကောက်ယူခဲ့ပြီး စစ်ဆေးခဲ့ရာ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်များတွင် ဓာတုဆိုးဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ ဓာတုဆိုးဆေးပါသော မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်ဆိုင်များ၏ ပင်ရင်းဆိုင်များကို သွားရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်းလိုင်စင် တစ်လပိတ်သိမ်းခြင်းနှင့် တစ်လပြည့်ပြီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လိုင်စင်တစ်လ ပိတ်သိမ်းခဲ့သည့် ဖုန့်ဖို (၂)ဖိုမှာ ဦးမျှား မုန့်ဖိုနှင့် ဦးအုန်းသန်း မုန့်ဖိုတို့ဖြစ်ပြီး လိုင်စင်ပိတ်သိမ်းထားချိန် တစ်လအထိ လုပ်ငန်းဆက်မလုပ်ရန်၊ မုန့်ဖိုပြင်ဆင်ပြီးပါက FDA တွင် စစ်ဆေးမှုခံယူရန်နှင့် (၁)လတစ်ကြိမ် (သို့မဟုတ်) (၃)လတစ်ကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။

 

ဆန်းတင့်(ရေကြည်)