ရေကြည်မြို့နယ် ညောင်ငူကျေးရွာတွင် ဒုတိယအကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ်

ရေကြည်  ၆ မတ်  


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊  ညောင်ငူကျေးရွာအုပ်စု၊ ညောင်ငူကျေးရွာ ဘုန်းတော်ကြီးကျောင်းတော်၌ ဒုတိယအကြိမ် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းတွင် ညောင်ငူကျောင်းတိုက် ဆရာတော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ  သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးသည်အထိ သင်ယူကြရန် မိန့်ကြားခဲ့သည်။ 


သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၂) လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


အောင်သူဟန် (ပြန်/ဆက်)