ရေနံချောင်း ၁၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ဦးဆောင်မှုဖြင့် ချုံနွယ်များရှင်းလင်းခြင်းနှင့် ပလတ်စတစ်ကင်းစင်ရေး အမှိုက်ကောက်ခြင်းလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက ရှစ်မျက်နှာဘုရားဝန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၏ လမ်းညွှန်မှုဖြင့် သဘာဝဘေးဒဏ် ကြံ့ကြံ့ခံစွမ်းရည် မြင့်မားရေး လှုပ်ရှားမှုအဖြစ် ခြင်ပေါက်ဖွားမှု လျော့နည်းစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျော့ချနိုင်ရေးအတွက် ချုံနွယ်များ ရှင်းလင်းခြင်းနှင့် အမှိုက်ကောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါလှုပ်ရှားမှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ တပ်မတော်သားများနှင့် တပ်ဖွဲ့ဝင်မိသားစု (၅၀)ဦးခန့်တို့ ပူးပေါင်း၍ ချုံနွယ်များ ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


