ရေနံချောင်း ၁၅ ဖေဖော်ဝါရီ

 

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မကွေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ရေနံချောင်းမြို့နယ်အတွင်းရှိ မသန်းစွမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၈၈ သိန်း လေးသောင်းကျပ်ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က အမှာစကား ပြောကြားပြီး မကွေးတိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ မူကြိုကျောင်းအုပ်ကြီး ဒေါ်စန်းစန်းမြတ်က မသန်းစွမ်းထောက် ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြီး မိမိတို့ရပ်ကွက် ကျေးရွာများအတွင်းရှိ မသန်စွမ်းများရှိပါက လူမှုဝန်ထမ်းဦးစီးဌာနသို့ စာရင်းပေးသွင်းနိုင်ကြောင်း ပြောကြားသည်။

 

111 DSC

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာန မူကြိုကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မသန်စွမ်း ၁၅ ဦးအား တစ်ဦးခြင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

ရေနံချောင်းမြို့နယ်အတွင်းရှိ မသန်စွမ်း ၆၂၈ ဦးအား တစ်ဦးလျှင် သုံးသောင်းနှုန်းဖြင့် ငွေကျပ် ၁၈၈ သိန်း လေးသောင်းကျပ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သော မသန်စွမ်းများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မသန်စွမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကိုစိုးကြီး

 

DSC058