ရေဖြူမြို့၊ ကလိန်အောင်မြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင်မူယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၅ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၃ ရက် မွန်းတည့် ၁၂ နာရီတွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု၊ အလယ် စခန်းကျေးရွာရှိ မလွဲတောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် HINO ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် ၁၀ ကီလို ကိုလည်းကောင်း၊  ထိုနေ့ နံနက် ၈ နာရီ ၄၅ မိနစ် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)တွင် ဟော်ကျီလုံ(ခ) အားလုံ(ခ) သန်းဝင်း မောင်းနှင်လာသော TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေ ရာ ဘိန်းဖြူ သုည ဒသမ ၅၅ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ဇွန် ၂၄ ရက် ညနေ ၄ နာရီတွင်  အဆိုပါနေရာ၌ မိုင်းညီမောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)