ရွှေသောင်ယံ ၁၉ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ လမ်းအရှည် (၈) မိုင်ရှိသော ရွှေသောင်ယံ၊ ချောင်းသာသွား ကားလမ်းမကြီးအား ပေ ၅၀ အကျယ် လမ်းချဲ့ဖောက်လုပ်ခြင်းကို ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက်ရှိ ရွှေဟိန်းထက်ကုမ္ပဏီနှင့် ချောင်းသာမြို့ GERIZIM HOTEL တို့ ဦးဆောင်၍ ရွှေသောင်ယံ၊ ချောင်းသာလမ်းပေါ်ရှိ ဟိုတယ်လုပ်ငန်းရှင်များ ပူးပေါင်းကာ ဆောင်ရွက်လျှက်ရှိသည်ကို တွေ့ရသည်။
အဆိုပါရွှေသောင်ယံ - ချောင်းသာကားလမ်းသည် ကျဉ်းမြောင်းသဖြင့် ဆိုင်ကယ်များနှင့်ကားများ သွားလာရာတွင် အန္တရာယ်များသည့် အတွက်ကြောင့် လမ်းချဲ့ဖောက်လုပ်ရန် ရွှေသောင်ယံရှိ ဒေသခံများမှ တောင်းဆိုမှုဖြင့် ယခုလို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကူညီဆောင်ရွက်ကာ ဖောက်လုပ် လှူဒါန်းခြင်း ဖြစ်ကြောင်း ကုမ္ပဏီလုပ်ငန်းရှင်များထံမှ သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)


