ရေတာရှည်      အောက်တိုဘာ       ၂၈

ပဲခူးတိုင်းဒေသကြီး  ရေတာရှည်မြို့နယ်၌  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကကျင်းပသည့် ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ   အမျိုးသမီး(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က မြို့နယ် အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ရေတာရှည်မြို့မ(ခ)အသင်းနှင့်  ရေနီမြို့မအသင်းတို့ ဗိုလ်လုပွဲအဖြစ်  ယှဉ်ပြိုင်ကစားကြရာ ရေနီမြို့မဘောလုံအသင်း က ရေတာရှည်မြို့မ(ခ)အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ သည်။

ထို့နောက် ပထမဆုရရှိသည့် ရေနီမြို့မဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဒိုင်းဆုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရေတာရှည်မြို့မ(ခ) အသင်းသားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်ဦးမင်းညီညီထွန်းကလည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)