ရွှေတောင် နိုဝင်ဘာ ၅
ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်အတွက် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နွေစပါးနှင့် ဆောင်းသီးနှံ စုစုပေါင်းဧက ၅၇၆၀၀ စိုက်ပျိုးနိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ၂၇၄၄ ဧက၊ နေကြာဧက ၉၉၀၊ မြေပဲ ၁၅၈၉၃ ဧက၊ နှမ်း ၄၆၇၅ ဧက၊ မတ်ပဲ ၂၀၀၅၃ ဧက၊ ပဲတီစိမ်းဧက ၁၀၅၀၊ ပဲလွမ်းဧက ၂၀၇၀၊ ဗိုလ်ကိတ် ၃၂၀၅ ဧက၊ ထောပတ်ဧက ၄၂၁၀၊ ကုလားပဲ ၃၀၄ ဧက၊ ပဲကြီးဧက ၁၈၈၀ နှင့် ပဲနောက် ၅၂၅ ဧက စုစုပေါင်းဧက ၅၇၆၀၀ စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးဧရိယာများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်ခဲ့ကြောင်း၊ တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့်မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် အထောက်အပံ့များကို တာဝန်ရှိသူများက ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)


