ရေဦး  ၂၅  ဖေဖော်ဝါရီ

ကလေးသူငယ်များအား  အကြမ်းဖက်ခြင်း၊ လစ်လှူရှုခြင်း၊ အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးခံရခြင်းတို့မှ ကာကွယ်နိုင်ရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၏   တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဖတ်ကြားရှင်းပြပေးခဲ့သည်။

 

ထို့နောက် ကလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်  ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုများ မကြုံတွေ့စေရေး  ဥပဒေ၊ နည်းဥပဒေနှင့်အညီ ထိထိရောက်ရောက်  အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးတို့နှင့် ပတ်သက်၍ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းစန်းနွယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းတာဝန်ခံ ရဲအုပ်သိန်းဝင်း၊ မြို့နယ်တရားသူကြီး ဒေါ်သူဇာလှိုင်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ဇာဦး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖိုးကျော်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်နိုင်၊ မြို့နယ်ကြက်ခြေနီ အဖွဲ့တပ်ဖွဲ့မှူး ဦးမောင်မောင်ဆွေ၊  ပြန်/ဆက်ဦးစီးဌာန ဒုဦးစီးမှူး ဒေါ်အေးမြင့်စန်းတို့က အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။


သန်းထိုက်(ရေဦး)