စပိန်လာလီဂါပွဲစဉ် (၉) အဖြစ် အောက်တိုဘာ ၂၀ ရက် နံနက် ၁ နာရီ ခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဂီတာဖေးနှင့် နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းပွဲစဉ်တွင် ရီးရဲမက်ဒရစ်အသင်းက     အဓိကတိုက်စစ်ကစားသမား အမ်ဘာပေ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

ထို့ကြောင့်   ရီးရဲမက်ဒရစ်အသင်းသည်  အနီးစပ်ဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းကို နှစ်မှတ်အသာ ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။ ရီးရဲမက်ဒရစ်အသင်းသည် ဂီတာဖေးအသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် မိနစ် ၇၀ ကျော်အထိ သွင်းဂိုးရရှိရေး အခက်‌တွေ့ခဲ့ရသည်။ ဂီတာဖေးအသင်းမှ ခံစစ်ကစားသမားတစ်ဦးနှင့် တိုက်စစ်ကစားသမားတစ်ဦး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။

မြန်မာ့အလင်း