ရီးယဲလ်မက်ဒရစ်အသင်းနဲ့ မာယော့ကာအသင်းတို့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၃)မှာ ရီးယဲလ် မက်ဒရစ်အသင်းက မာယော့ကာအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၃၇ မိနစ်မှာ ဂူလာက တစ်ဂိုး၊ ၃၈ မိနစ်မှာ ဗီနီစီးယပ် ဂျူနီယာက တစ်ဂိုးသွင်းယူပေးခဲ့ပြီး မာယော့ကာအသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုတော့ ပွဲကစားချိန် ၁၈ မိနစ်မှာ မူရီကီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ မာယော့ကာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ အဖွင့်ပွဲစဉ်သုံးပွဲစလုံးအနိုင်ရရှိခဲ့ပြီး ရမှတ်ကိုးမှတ်ရရှိကာ လာလီဂါအမှတ်ပေး ဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုပွဲစဉ်မှာ သွင်းဂိုး ငါးဂိုး အထိသွင်းယူနိုင်ခဲ့ပေမယ့် အမ်ဘတ်ပီရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ဂူလာရဲ့ သွင်းဂိုး တစ်ဂိုးတို့ကို ဂိုးအဖြစ်မသတ်မှတ်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
အခြာသောစပိန်လာလီဂါပွဲစဉ်မှာ ဆီဗီလာအသင်းက ဂျီရိုနာအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်


