စစ်တွေ  ၁၁   ဖေဖော်ဝါရီ 

 

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဌာနဆိုင်ရာများပြခန်း၊ ကုမ္ပဏီများ၏ ပြခန်းများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်သည်။

 

11

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နှင့် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းတို့က ဌာန ဆိုင်ရာများပြခန်း၊ ကုမ္ပဏီများပြခန်းနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဌာနဆိုင်ရာများသည် ဓညဝတီ အားကစား အတွင်း ဖွင့်လှစ်ပြသထားသည့်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

2

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစန်းလွင်ဦးက “ကျွန်တော်တို့ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြခန်း(၄၅) ခန်းပြသထားပါ တယ်၊ အဲဒီအထဲမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုတွေ၊ ဌာနဆိုင်ရာတွေရဲ့ မိမိ ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့လုပ်ငန်းတွေ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုတွေ၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စီးပွားဖြစ်အောင်မြင်နေမှု တွေ၊ ဒါ့အပြင် ပြည်နယ်အတွင်းမှထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်တွေကိုလည်း ပြသထားပါတယ်။ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းတွေကိုလေ့လာကြည့်ရှုသူတွေအနေနဲ့ အသိပညာဗဟုသုတတွေတိုးပွားရရှိလာမှာဖြစ်တဲ့အတွက် လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်အပ် ပါတယ်” ဟု ပြောသည်။

 

4

 

အဆိုပါပြခန်းများကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ပြသထားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်း- တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ကံထွန်း(ဟံသာမြေ