ရမည်းသင်း ဇူလိုင် ၃၀

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ပြည်သူများ သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စားသောက်ကုန်ရှစ်မျိုးကို ဈေးနှုန်းချိုသာစွာဖြင့် သီလဝခန်းမရှေ့၌ ယနေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိသည်။

 

ထိုသို့ ရောင်းချပေးရာတွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဆန်တစ်ပြည် ငွေကျပ်၂၈၀၀ နှုန်းဖြင့် ဆန် ၂၄၀ ပြည်၊ စားအုန်းဆီ ၅၀ ကျပ်သားတစ်ဘူးလျှင် ငွေကျပ် ၃၇၀၀ နှုန်းဖြင့် ဘူး ၈၀၀၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၄၀၀ နှုန်းဖြင့် ကြက်ဥအလုံးရေ ၁၀၀၀၊ အမဲသားတစ်ပိဿာ ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် ပိဿာ ၅၀၊ ဝက်သားတစ်ပိဿာ ငွေကျပ် ၂၆၀၀၀ နှုန်းဖြင့် ပိဿာ ၅၀ ၊ ဆိတ်သား တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀ နှုန်းဖြင့် ပိဿာ ၃၀၊ ကြက်သား တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀ နှုန်းဖြင့် ပိဿာ ၃၀၊ ငါးတစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀ နှုန်းဖြင့် ပိဿာ ၃၀ တို့ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)