နောင်ချို ၂၈ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အဖွဲ့ဝင် လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးခွန်ရဲထွေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဒေါက်တာညီညီအောင်တို့သည် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ ဘောလုံးကွင်း၌ နမ့်ဆောင်ဟူးအသင်းနှင့် လွယ်ငင်းအသင်းတို့ ယှဉ်ပြိုင်ကြသည်ကို ကြည့်ရှုအားပေးခဲ့ကြပြီး အခြေခံ ပညာကျောင်းပေါင်းစုံ အသက်အုပ်စုအလိုက် ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးများအဖွဲ့သည် နောင်ချိုမြို့နယ် ဘန့်ဘွေးကျင်း ရေတံခွန် ရေရှည် တည်တံ့ခိုင်မြဲရေး၊ လမ်း၊ တံတားတည်ဆောက်ရေး၊ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
MDN


