နေပြည်တော် ဇူလိုင် ၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၂၇ ရက် ည ၁၀ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ တံတားတွင် ပါကွေ့ကျေးရွာမှ လွယ်တော်ခမ်းကျေးရွာသို့ အားကျို့ မောင်းနှင်လာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ ည ၁၂ နာရီတွင် တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာ ရော်ဘာခြံရှိ အားဆော်၏ နေအိမ်ကိုရှာဖွေရာ အားဆော်မှာ တိမ်းရှောင်သွားပြီး နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၁၄ ဒသမ ၉၆ သိန်း၊ ဘိန်းဖြူ သုည ဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) သုည ဒသမ ၉ ကီလိုနှင့် ကတ်တမင်း သုည ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့၍ စုစုပေါင်း ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၆,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈ သိန်း၊ ဘိန်းဖြူ သုည ဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) သုည ဒသမ ၉ ကီလိုနှင့် ကတ်တမင်း သုည ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)