ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၆ သိန်း ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၈ ဒသမ ၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန် ၂၁ ရက် ည ၉ နာရီတွင် လားရှိုးမြို့၊ အမှတ်(၄)ရပ်ကွက်တွင် တူးနိုင်၊ ခွန်ဂျက်(ခ)လီဟောက်၊ အားချုံ(ခ)လျှို့ပိန်းချုံ၊ ယော်ကျိန်ရှန့် နှင့် လောက်ရှုံး တို့ ၅ ဦးကိုဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၄,၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၆ သိန်း၊ မော်တော်ယာဉ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြား များအား မိုင်းရယ်မှ လားရှိုးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်