နေပြည်တော်၊ အောက်တိုဘာ ၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၅,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ရက် ည၉နာရီခွဲ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးသို့ စိုင်းစံဆာ (ခ) အိုက်စံ (၅၅) နှစ် မောင်းနှင်လာသည့် HINO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ဒသမ ၆ ကီလို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို သီပေါ မြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်