ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၄,၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) ၁ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသည့် ငွေကျပ် သိန်း ၄,၂၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) ၁ တန်ကျော် ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးရှာဖွေ စစ်ဆေးရေး စခန်းတွင် ဟံမြင့်မိုရ်ဘက်မှ ရွာငံဘက်သို့ အောင်ကိုကိုဦး မောင်းနှင်ပြီး ဟေမာန်သိန်း လိုက်ပါလာ သည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၂၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) ၁ တန်ကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း)များကို မန္တလေးတိုင်း ဒေသကြီးမှ ရှမ်းပြည်နယ်သို သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်