တောင်ကြီး အောက်တိုဘာ ၂၀
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရေး အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်းကို တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၉ နာရီက Viedo Conferencing စနစ်ဖြင့် ဆက်လက်ပို့ချပေးလျက်ရှိသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးဦးစီးမှူး ဒေါ်ခင်အိအိသန်း က ရုံးစာရေးသားနည်းကိုလည်းကောင်း၊ လင်းခေးခရိုင်ရုံး၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းဇော်လတ်က Video Editing သင်ခန်းစာကိုလည်းကောင်း၊ ညောင်ရွှေ မြို့နယ်ရုံး၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင် က e-mail ပေးပို့ခြင်းနှင့် သတင်းပေးပို့ခြင်း သင်ခန်းစာကိုလည်းကောင်း အသီးသီး ပို့ချသင်ကြားပေးလျက်ရှိပြီး သင်တန်းသို့ ရှမ်းပြည်နယ်၊ တောင်ပိုင်းမှ ဝန်ထမ်း (၄၂) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း


