ပြည်ကြီးတံခွန် ၁၇ ဖေဖော်ဝါရီ
သမိုင်းဝင်ရှင်ပင်အင်းခရုဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် ဒုတိယအကြိမ် ပင့်သံဃာအပါး တစ်ထောင်တို့အား သံဃာ့ဒါနဆွမ်းလောင်းလှူဒါန်းပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉ ×၆၁ လမ်းကြား၊ မင်းကြီးရန်နောင်လမ်းရှိ သမိုင်းဝင်ရှင်ပင်အင်းခရုဆုတောင်းပြည့် မြတ်စွာဘုရားဝင်းအတွင်း၌ ဖေဖော်ဝါရီ ၁၉ ရက် (တပို့တွဲလပြည့်နေ့) နံနက်ပိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါဘုရားဂေါပကအဖွဲ့မှ သိရသည်။
တပို့တွဲလပြည့်နေ့တွင် ပင့်သံဃာ အပါးတစ်ထောင်တို့အား သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ်ကြောင်း၊ တပို့တွဲလဆန်း ၁၀၊ ၁၁၊ ၁၂ ရက်ညများတွင် အကြိုတရားပွဲများ ကျင်းပခဲ့ကြောင်း၊ တပို့တွဲလဆန်း ၁၃ ရက်တွင် မြန်မာ့ရိုးရာထမင်းနဲထိုး ပြိုင်ပွဲနှင့် တပို့တွဲလဆန်း ၁၄ ရက် ညပိုင်းတွင် မျက်လှည့်ပညာရှင် မာယာကိုကို ၏ လှည့်စားမှုအနုပညာများ၊တပို့တွဲလဆန်း ၁၄၊၁၅ ရက်ညနေပိုင်းများတွင် မြန်မာရိုးရာခြင်းဝိုင်းခတ်ကစားမှုများ၊ တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် ပင့်သံဃာအပါး တစ်ထောင် တို့အား သံဃာ့ဒါနဆွမ်းလောင်းလှူဒါန်းပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း မည်သူမဆို လာရောက်လောင်းလှူနိုင်ကြောင်း၊ တပို့လပြည့် ညပိုင်းတွင် ရုပ်ရှင်သရုပ်ဆောင် ဟာသမင်းသား ဗေလုဝ၊ ရုပ်ရှင်သရုပ်ဆောင်မင်းသမီး မိုးပြည့်ပြည့်မောင် တို့၏ ‘’ အကယ်ဒမီ အငြိမ့်’’ ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း၊ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း၊ အဆိုပါ ဘုရားဂေါပကအဖွဲ့မှ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


