ထန်းတပင် အောက်တိုဘာ ၁၆

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်၊ တိုက်ကြီးခရိုင်နှင့် လှည်းကူးခရိုင်တို့ရှိ Grade-12 ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ဝင်လမ်းညွှန် ဘာသာရပ်များ မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်  ပင်မ ဆောင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာသုနန္ဒာက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကေသွယ်လှိုင်က ရန်ကုန်ပညာရေး တက္ကသိုလ်ရှိ ဘာသာရပ်များကို မိတ်ဆက် ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်အနောက် ပိုင်းတက္ကသိုလ်ရှိ တက္ကသိုလ်ဝင် လမ်းညွှန်ဘာသာရပ်များကို မိတ်ဆက်ရှင်းလင်းခဲ့ကြပြီး မှော်ဘီခရိုင်၊ တိုက်ကြီးခရိုင်နှင့် လှည်းကူးခရိုင်တို့မှ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ ဆရာမများနှင့် Grade-12 ကျောင်းသား ကျောင်းသူများက ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ ဌာနများသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

              

ဇင်မင်းထိုက်(ထန်းတပင်)