ရန်ကုန်  ၁၆  ဖေဖော်ဝါရီ 

 

ရန်ကုန်မြင်းစီးအသင်း၏ (၄၆)နှစ်မြောက် အထိမ်းအမှတ်အဖြစ် မြင်းစီးအားကစား ပြိုင်ပွဲကိုယ နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြင်းစီးအားကစားကွင်းတွင် ကျင်းပရာအခမ်းအနား ကိုပြည်သူ့အလှ နှင့် အမျိုးသားအလှမြင်းများမှ အလှပြသပြီး အခမ်းအနား ကိုဖွင့်လှစ်သည်။ 

 

ထို့နောက် ရန်ကုန်မြင်းစီးအသင်းနာယကဝဏ္ဍကျော်ထင် ဒေါက်တာခင်ရွှေ၊ ရန်ကုန်မြင်းစီး အသင်းဥက္ကဋ္ဌ ဦးအောင်မော်သိန်း နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင် တို့ကအဖွင့်အမှာစကားပြောကြားကြသည်။ 
ယင်းနောက် မြင်းစီးပြိုင်ပွဲကိုကျင်းပရာမြင်းစီးပြိုင်ပွဲတွင် (၁) အကြီးစားဒုန်းပြိုင်ပွဲ၊ အလယ်တန်းဒုန်းပြိုင်ပွဲ၊အငယ်တန်း ဒုန်းပြိုင်ပွဲ (၂) Show jumping (ခေါ်)တန်းခုန်းပြိုင်ပွဲ (၃)barrel Racing(ခေါ်)စည်းဝိုင်းပတ် ပြေးပွဲ (၄) လူငယ်ကလေးများ walk Trod  Test ပြိုင်ပွဲများကို မြင်းကောင်ရေ ၅၀ ကျော် ဖြင့် အသင်း (၈) သင်းတို့မှ ပါဝင်ယှဉ်ပြိုင်ကြသည်။

 

ဆက်လက်၍ မြင်းစီးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် အသင်းများအားရန်ကုန်မြင်း စီးအသင်း နာယက၊ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြင့်သည်။ 

 

မြင်းစီးပြိုင်ပွဲအားရန်ကုန်မြင်းစီးအသင်းကြီးနာယကဦးငြိမ်းကျော် မှ ကြီးကြပ်ပြီးပြိုင်ပွဲဝင်များအ နေဖြင့် အလွတ်တန်းယှဉ်ပြိုင်ကြခြင်းဖြစ်ကာ ဝင်ကြေးမရှိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ယှဉ် ပြိုင်ကြကြောင်း သိရသည်။ 

 

(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)