ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား အသက် ၂၅ နှစ်‌အောက် မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်

ရန်ကုန်     ဇွန်     ၉

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား အသက် ၂၅ နှစ်‌အောက် မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ ပိုက်ကျော်ခြင်း အားကစားရုံ၌ ကျင်းပခဲ့သည်။

 

ဗိုလ်လုပွဲပြိုင်ပွဲတွင် ကွမ်းခြံကုန်းမြို့နယ် အမျိုးသမီးအသင်းက သန်လျင်မြို့နယ် အမျိုးသမီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း‌ကောင်း၊ ရွှေပြည်သာမြို့နယ် အမျိုးသားအသင်းက သာကေတမြို့နယ် အမျိုးသားအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိကြသည့် အသင်းများနှင့် အကောင်းဆုံး အားကစားသမားများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ကြသည်။ အဆိုပါပြိုင်ပွဲကို ဇွန် ၂ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ပြီး အမျိုးသားအသင်း ၃၉ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)