ရန်ကုန် အောက်တိုဘာ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ “U-14 Boys Royal-D Cup 2025” ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အောက်တိုဘာ ၁၅ ရက်က အထက(၁) လမ်းမတော် အားကစားကွင်း၌ ကျင်းပသည်။

 

ဗိုလ်လုပွဲတွင် ဗိုလ်တထောင် ခရိုင်ကိုယ်စားပြု အထက(၆) ဗိုလ်တထောင်အသင်းနှင့် တွံတေးခရိုင်ကိုယ်စားပြု အထက(ကော့မှူး)အသင်းတို့ အကြိတ်အနယ်ကစားခဲ့ကြရာ ဂိုးမရှိသရေကျခဲ့ကြသည်။

 

ထို့နောက် ပင်နယ်တီဖြင့် ဆုံးဖြတ်ကစားကြရာ အထက(၆) ဗိုလ်တထောင်အသင်းက အထက(ကော့မှူး)အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ယင်းနောက် ဆုပေးပွဲကို ကျင်းပရာ အထက(၆) ဗိုလ်တထောင်အသင်းက ပထမ၊ အထက(ကော့မှူး)အသင်းက ဒုတိယ၊ တိုက်ကြီးခရိုင်ကိုယ်စားပြု အထက(ခွဲ) ကတိုင်စိန်အသင်းက တတိယရရှိခဲ့ရာ ဆုရအသင်းများအား Royal-D၊ တိုင်းဒေသကြီး အခြေခံပညာကျောင်းမှ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ 

 

တင်စိုး