ရန်ကုန်  ၁၇  ဖေဖော်ဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေ မူကြမ်းသုံးသပ်ဆွေးနွေးပွဲကို ဘုမ္မဇေယျလူထုဖွံ့ဖြိုးရေးအသင်းကဦးဆောင်၍ ရန်ကုန်မြို့ စိမ်းလန်းစိုပြည်တွင် ယနေ့ နံနက် ၉ နာရီကကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ထောင်စုနှစ်ရည်မှန်းချက်နှင့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍ၊ ပြည်သူများသတင်းအချက်အလက်ရရှိရေးအတွက် ပြည်သူ့စာကြည့်တိုက်များ၏ အခန်းကဏ္ဍ၊ ပြည်သူ့စာကြည့်တိုက်များရေရှည်တည်တံ့အတွက် ဘဏ္ဍာငွေသတ်ရရှိ ရေးနှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေမူကြမ်းကို တက်ရောက်သူများက သုံးသပ်ဆွေးနွေးကြသည်။ 

 

ယင်းဥပဒေမူကြမ်းတွင် အခန်း(၁၀)ခန်း၊ အချက်(၂၇)ချက်ပါဝင်ပြီး၊ စာကြည့် တိုက်ဥပဒေ အဓိပ္ပာယ်သတ်မှတ်ချက်၊ စီမံခန့်ခွဲရေးတွင်ပါဝင်မည့် အစိုးရအဖွဲ့၊ ကော်မတီ၊ ဝန်ကြီး၊ မြို့နယ်ကော်မတီ၊ စာအုပ်စာတမ်းစာပေပစ္စည်း၊ စာကြည့်တိုက်မှတ် ပုံတင်လက်မှတ်လျှောက်ထားခြင်း၊ ကော်မတီနှင့်တာဝန်ဝတ္တရားများ၊ စီမံခန့်ခွဲရေးနည်း လမ်းများ၊ ပြစ်ဒဏ်များနှင့် အထွေထွေကိစ္စရပ်များပါဝင်ပြီး ဆွေးနွေးပွဲရလဒ်များကို အတည်ပြုပြဌာန်းနိုင်ရေး လွှတ်တော်သို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေ မူကြမ်းဆွေးနွေးပွဲတွင် ဘုမ္မဇေယျ လူထုဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌဦးသိန်းထွန်းအောင် က ဦးဆောင်ဆွေးနွေးပြီး PEN Myanmar၊ ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာဌာန၊ ဦးသိန်းလွင် ပါမောက္ခ/ဌာနမှူး(ငြိမ်း)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ် ဖက်လူမှုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။ 

 

သန့်စင်ဝင်း 

 

IMG_20190