ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊    ၆၁  / ၂၀၂၂
၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း   ၇    ရက်
(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ   ၁    ရက်)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမျိုးမြင့်အောင်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
အမိန့်အရ 
အောင်လင်းဒွေး
  ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး