ရန်ကုန် ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းများမှ သားဖွားဆရာမများ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က သင်တန်းဖွင့်လှစ် ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိဖြစ်ကြောင်း၊ သင်တန်းသူ စုစုပေါင်း ၁၃ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်


