ရန်ကုန်တိုင်းတွင် မျက်မမြင်၊ ဆွံ့အ၊ နားမကြား ကျောင်းသား ကျောင်းသူ ၁၉ ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆို

ရန်ကုန် ၆ မတ် 

 


ယနေ့ စတင်ကျင်းပသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မျက်မမြင်၊ ဆွံ့အ၊ နားမကြား ကျောင်းသား ကျောင်းသူ ၁၉ ဦး ဝင်ရောက်ဖြေဆိုကြောင်း အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

 


ထိုသို့ဖြေဆိုမှုအနေဖြင့် အထက(၂) ကြည့်မြင်တိုင် မြို့နယ်စာစစ်ဌာနတွင် အမြင်အာရုံချို့ယွင်းသူ မျက်မမြင် ၈ ဦး၊ အထက(၂) အင်းစိန်မြို့နယ် စာစစ်ဌာနတွင် အမြင်အာရုံချို့ယွင်းသူမျက်မမြင်  ၅ ဦး၊ အထက(၃) ဒဂုံမြို့နယ် စာစစ်ဌာနတွင် ဆွံ့အ၊ နားမကြား ၆ ဦး စုစုပေါင်း ၁၉ ဦး ရှိကြောင်း သိရသည်။

 


သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်