ရသေ့တောင် ဇွန် ၁၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာ (ရက်ခုံးတိုင်)မှ ကျောင်းသူမခင်ယုဝေ ၁၉ နှစ်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲမအောင်မြင်သဖြင့် ကြွက်သတ်ဆေးစားကာ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မခင်ယုဝေသည် ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် ကြွက်သတ်ဆေးဘူးမှ ဆေးနှစ်ပြား စားခဲ့ပြီးနောက် အကြိမ်ရေအများအပြား အော့အန်သဖြင့် မိဘဆွေမျိုးများက ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဇွန် ၁၈ ရက် နံနက် ၄ နာရီကျော်တွင် သေဆုံးသွားခဲ့ကာ မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)


