ရန်ကုန် ၂၇ ဖေဖော်ဝါရီ 

 

မြန်မာနိုင်ငံ၏ ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

816

 

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး(၁) အကယ်ဒမီ ဒါရိုက်တာဇော်မြင့်ဦး ဦးဆောင်သော ကိုယ်စားလှယ်များ၊ Shaw Brothers Pictures International  Ltd., မှ ဒါရိုက်တာ Mr. Jazz Boon ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံတွင် ရိုက်ကူးခဲ့သည့် Line Walker-2 ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ကူညီဆောင်ရွက်ပေးခဲ့မှုများ၊ ရန်ကုန်မြို့တော်သူ မြို့တော်သားများ၏ ဖော်ရွေမှုနှင့် ဧည့်ဝတ်ပျူငှာမှုများကို လည်းကောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

Shaw Brothers Pictures International  Ltd., သည် Line Walker-2 ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၆ ရက်အထိ ရိုက်ကူးခဲ့ပြီး ကျန်ရှိနေသော ဇာတ်ဝင်ခန်းများကို စပိန်နိုင်ငံ၌ ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)