ပေါ်တူဂီအသင်းဟာ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အောက်တိုဘာ ၁၁ ရက် ညပိုင်းက အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ရူဗင်နာဗက်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပေါ်တူဂီအသင်းနဲ့ အိုင်ယာလန်အသင်းတို့ပွဲစဉ်မှာ ပေါ်တူဂီအသင်းက သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို တစ်မိနစ်မှာ ရရှိခဲ့တဲ့ ရူဗင်နာဗက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အုပ်စုအဆင့် သုံးပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ သုံးပွဲစလုံးအနိုင်ရရှိကာ ရမှတ်ကိုးမှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်


