သားသတ်လုပ်ငန်းနှင့် ပတ်သက်သည့် စည်ပင်သာယာဥပဒေများ ရှင်းလင်း

ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာနေပြည်သူများအတွက် ဌာနအသီးသီး၏ လုပ်ဆောင်သည့် လုပ်ငန်းများအား အသိပေးရှင်းလင်းပွဲကို ဒီဇင်ဘာ ၉ ရက်က စပယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွဋ်က သားသတ်လုပ်ငန်းနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် ပြစ်မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ မြို့နယ် ဥပဒေအရာရှိ ဦးချစ်ကောင်းက သားသတ်လုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးက သားသတ်လုပ်ငန်းနှင့် ပတ်သက်သည့် စည်ပင်သာယာဥပဒေတို့ကို အသီးသီးဟောပြော ဆွေးနွေးကြသည်။ 

 

အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ ၇၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

(ခရိုင် ပြန်/ဆက်)