သဘာဝဘေး၊ လူတိုင်းနှင့်ဆိုင်


မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင်  သင်္ကြန် ကာလအပြီးနှင့် မေလဆန်းရက်များတွင်  လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းများ   ဖြစ်ပေါ်နိုင်သောကြောင့်   သတိထားကြရ မည်ဖြစ်သည်။ ယင်းကာလတွင်  နေ့အပူချိန်မြင့်မားလျက်ရှိရာ မွန်းလွဲပိုင်းနှင့်   ညနေပိုင်းတို့တွင် အပူပျံတက်တိမ်များမှတစ်ဆင့် မိုးတိမ်တောင်များ ဖြစ်လာကြပြီး  အဆိုပါ   မိုးတိမ်များ  ရွေ့လျား ရာနေရာတစ်လျှောက်တွင်  လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးတွင် သဘာဝ ဘေးအန္တရာယ်  စုစုပေါင်း ၁၈၅၇ ကြိမ်   ဖြစ်ပွားခဲ့ရာ လေပြင်း ဘေး ၆၅၃ ကြိမ် ပါဝင်ခဲ့သည်။ အဆိုပါ သဘာဝဘေးအန္တရာယ် များကြောင့်    အိမ်ခြေ  ၂၄၀၀၀ ကျော်  ထိခိုက်ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်း ၆၈၀၀၀ ကျော်   ဘေးအန္တရာယ်ကြုံတွေ့ခဲ့ ရသည်။ အဆိုပါ ဘေးအန္တရာယ်ဖြစ်ပွားခြင်းများအတွက်  လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပံ့ပိုးကူညီ မှုပြုခြင်း၊    သဘာဝဘေးအန္တရာယ်   ဖြစ်ပွားနိုင်ခြေများသော ဒေသများတွင် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြီးခဲ့ သည့်  ဘဏ္ဍာနှစ်တွင်   သဘာဝဘေးအန္တရာယ်ကြောင့်   ထိခိုက် ပျက်စီးခဲ့ရသည့် ဘာသာရေးအ‌ဆောက်အအုံ  ၁၁၀၀ ကျော်နှင့် အိမ်ခြေပေါင်း  ၂၄၀၀၀ ကျော်တို့အတွက် ငွေကျပ် ၃ ဒသမ ၂၈၉ ဘီလီယံကျော် ကူညီပံ့ပိုးမှုပြုခဲ့ရသည်။
ယခုနှစ်တွင်လည်း   ဇန်နဝါရီလမှ  မတ်လ ၂၅ ရက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ တွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အိမ် ၁၈ လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ် ၁၇၄ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ ကာ ဘေးသင့်သူလူဦးရေ ၇၂၁ ဦးအထိရှိခဲ့ရာ  ပြည်တွင်းဒေသ အနှံ့အပြားတွင်    လေပြင်းတိုက်ခတ်မှုများ   ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်ကို   သတင်းများတွင် တွေ့ရှိနေရသည်။   မကြာမီ  မိုးကြိုကာလ မိုးလေဝသဖြစ်စဉ်များနှင့်အတူ နှစ်စဉ်ဖြစ်‌နေကျ အတိုင်း    ဆိုင်ကလုန်းမုန်တိုင်း  တိုက်ခတ်ခြင်း၊  မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊   လျှပ်တစ်ပြက်  ရေကြီးခြင်း၊ တောင်ပြိုမြေပြိုခြင်း၊   တောင်ကျရေကျဆင်းခြင်း   စသည်တို့ ဖြစ်ပေါ်လာနိုင်ပြန်ရာ  မိမိတို့နိုင်ငံတွင်  သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို  တစ်နှစ်ပတ်လုံး   ကြုံတွေ့နိုင်သည်ဟု  လူတိုင်း သတိပြုကြရန်လိုပြီး  တစ်မျိုးပြီးတစ်မျိုး  ကြုံတွေ့လာနိုင်သည့်  သဘာဝဘေးအန္တရာယ်တို့ကို  ဘေးမသီရန်မခ ကျော်လွှားနိုင်ကြ ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရမည်ဖြစ်သည်။ 
သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏    ထုတ်ပြန်ချက်များ၊   လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ အသိပေးနှိုးဆော်ချက်များနှင့် ပညာပေးမှုများ၊ ကျန်းမာ ရေးဝန်ကြီးဌာနမှ နှိုးဆော်ချက်များ   စသည်တို့ကို   နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ဖော်ပြပေးလျက်ရှိရာ အလေး အနက်ထား၍        ဂရုပြုလိုက်နာ     ဆောင်ရွက်ခြင်းအားဖြင့်  ဘေးအန္တရာယ်ကင်းနိုင်ကြမည်ဖြစ်သည်။  လေပြင်းဘေး ကြိုတင် ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍  မိမိတို့၏အိမ်ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေး ပြီး    တောင့်တင်းခိုင်မာအောင်ပြုလုပ်ထားရန်၊   လေပြင်းဒဏ် ခံနိုင်ရေးအတွက် အိမ်တွင်ဒေါက်များ၊  တန်းများ၊  တိုင်များကို ထပ်မံအားဖြည့်တပ်ဆင်ထားရန်နှင့်  မြေဝင်အိမ်တိုင်များ  ကြံ့ခိုင် အောင်ဆောင်ရွက်ရန်၊  အိမ်အမိုးများမလန်အောင်  ဆောင်ရွက် ထားရန်နှင့်  အိမ်အနီးရှိ သစ်ပင်၊  သစ်ကိုင်းများ လဲပြိုမှုကြောင့် အိမ်မထိခိုက်စေရေး   ကြိုတင်ရှင်းလင်းထားရန် နှိုးဆော်ထားသည်။     လေပြင်းဒဏ်ခံနိုင်ရည်နည်းပါးသည့်အိမ်များကို ရွေးချယ်၍  ဒေသ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ လူမှုဝန်ထမ်း၊  ကယ်ဆယ် ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။
သဘာဝဘေးအန္တရာယ်တစ်ခု  ကျရောက်လာလျှင် ဒေသ အတွင်းရှိသူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်ခြင်းမရှိနိုင်ရာ လူတိုင်းသဘာဝဘေးဆိုင်ရာ  အသိပညာများ  ကောင်းစွာသိရှိ နားလည်ထားကြရန်လိုသည်။ သဘာဝဘေး ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ၊           ကူညီကယ်ဆယ်ရေး      လုပ်ငန်းများနှင့်   ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်   လူတိုင်းတက်တက် ကြွကြွ ပူးပေါင်းပါဝင်ကြရန်လည်း  တိုက်တွန်းနှိုးဆော်လိုက်ရ ပါကြောင်း။       ။