တောင်တွင်းကြီး   ၁၃  ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ထွန်း ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများသို့ သွားရောက်ပြီး သစ္စာစီမံချက်ဖြင့် ကျောင်းသားကျောင်းသူများကို အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တောင်တွင်းကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သစ္စာစီမံချက်ဖြင့် ကျောင်းသားကျောင်းသူများကို အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးရာတွင် တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးခင်ဇော်ထွန်းက နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာ၌ ယူဆောင်လာရမည့် အထောက်အထား၊ အချက်အလက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံးပျက်စီးမှုမဖြစ်အောင် စနစ်တကျ ကိုင်တွယ်ရန် အချက်များကို ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က တောင်တွင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ၊ ဆရာမများ၏ ပံ့ပိုးကူညီမှုဖြင့် ကျောင်းသားကျောင်းသူများကို အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိမ်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn