ရွာငံ နိုဝင်ဘာ ၂၃

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက အထက(ရွာငံ) ပြဒါးလင်းခန်းမ၌ ကျင်းပသည်။

 

အသိပညာပေးဟောပြောပွဲတွင် ရွာငံမြို့နယ် သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးဘုန်းလွင်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာများ၊ ပန်းလောင်နှင့် ပြဒါးလင်းဂူဘေးမဲ့ တောအုပ်ချုပ်ရေးမှူး ဦးအောင် မြတ်စိုးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယမြို့နယ်မန်နေဂျာ ဦးနိုင်ဝင်းက စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာပြုလုပ်ပုံ နည်းစနစ်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးထွန်းမြတ်နိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ခြင်းဆိုင်ရာများကို အသိပညာပေး ဟောပြောကြရာ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)