ကိုလံဘို  အောက်တိုဘာ  ၂၇

အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)သည်  သီရိလင်္ကာနိုင်ငံ၏ ခရီးသွားကဏ္ဍကိုပံ့ပိုးပေးရန်  ချေးငွေ  အမေရိကန်ဒေါ်လာ  သန်း  ၁၀၀  ကို အတည်ပြုခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ကြေညာသည်။ 

အဆိုပါစီမံကိန်းမှာ ပုဂ္ဂလိကကဏ္ဍပူးပေါင်းပါဝင်မှုမြှင့်တင်ရေး၊ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုမြှင့်တင်ရေး၊ နိုင်ငံခြားငွေလဲလှယ်ခြင်းနှင့်  အခြေခံအဆောက်အအုံလိုအပ်ချက်များ  ဖြေရှင်းရန်တို့ကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ရေရှည်တည်တံ့သော ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရန်ပုံငွေအတွက် သက်သာသောချေးငွေ ဒေါ်လာ သန်း ၇၀ နှင့် ပုံမှန်ချေးငွေ ဒေါ်လာ သန်း ၃၀ ပါဝင်ကြောင်း သိရသည်။        

ဆင်ဟွာ