ကိုလံဘို နိုဝင်ဘာ ၁၇
သီရိလင်္ကာနိုင်ငံ၌ အလွန်အကျွံမူးယစ်ဆေးစွဲနေသူများကို ကုသရန်ဆေးရုံ ၁၀ ခုကို သတ်မှတ်ခဲ့ကြောင်း ဝန်ကြီးတစ်ဦးက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။
အစိုးရက ကိုလံဘို၌ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အမျိုးသားကောင်စီရုံးကိုလည်း ထူထောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီး အန်နန်ဒါ ဝီဂျီပါလာက ပြောကြားသည်။
သီရိလင်္ကာနိုင်ငံတစ်ဝန်းရှိ နိုင်ငံပိုင်အဖွဲ့အစည်းများ၊ ကျောင်းများနှင့် တက္ကသိုလ်များအားလုံး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးကော်မတီများ ထူထောင်ရန် နိုဝင်ဘာ ၁၇ ရက်တွင် နှိုးဆော်စာထုတ်ပြန်ထားသည်ဟု ဝန်ကြီးက ပြောကြားသည်။ ယင်းမှာ မူးယစ်ဆေးဝါး အလွဲသုံးစားပြုခြင်းကို နှိမ်နင်းရန်နှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်းဆိုင်ရာ နည်းလမ်းများ ခိုင်မာစေရန် ပိုမိုကျယ်ပြန့်သည့် အမျိုးသားလှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
အမျိုးသားမူးယစ်ဆေးဝါးအန္တရာယ် ထိန်းချုပ်ရေးဘုတ်အဖွဲ့၏ 1818 hotline နှင့် ချိတ်ဆက်ထားသည့် ရုံးသစ်ကို နိုဝင်ဘာ ၂၂ ရက်တွင် ကိုလံဘို၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ


