ကိုလံဘို အောက်တိုဘာ ၂၆
သီရိလင်္ကာနိုင်ငံ၌ လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံသား ၃၁၀၀၀ ကျော် ရေဘေးသင့်ခဲ့ရကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုစင်တာ(ဒီအမ်စီ)က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။
ဆိုးရွာသည့်ရာသီဥတုကြောင့် မိသားစု ၇၉၄၄ စုမှ လူပေါင်း ၃၁၆၂၃ ဦးကို ထိခိုက်ခဲ့ရကြောင်းနှင့် နေအိမ် ၈၄၇ လုံး ပျက်စီးသွားကြောင်း ဒီအမ်စီက ပြောကြားသည်။
သီရိလင်္ကာနိုင်ငံရှိ မြစ်အချို့တွင် ရေများမြင့်တက်နေသဖြင့် မြေနိမ့်ဒေသများတွင် နေထိုင်သူများ နိုးနိုးကြားကြားသတိရှိကြရန် ဆည်မြောင်းဌာနက ပြောကြားသည်။
သီရိလင်္ကာနိုင်ငံ၌ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ရှိကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံမြောက်ပိုင်းနှင့် မြောက်အလယ်ပိုင်း ပြည်နယ်များ၊ Trincomalee နှင့် Batticaloa ခရိုင်တို့တွင် လာမည့် ၂၄ နာရီအတွင်း မိုးထစ်ချုန်းရွာသွန်းမှုဖြစ်ပွားနိုင်ကြောင်း မိုးလေဝသဌာနက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြား သည်။
ဆင်ဟွာ


