ကိုလံဘို  စက်တင်ဘာ  ၂၄

သီရိလင်္ကာနိုင်ငံသည် ‘သန့်ရှင်းသောသီရိလင်္ကာ’ ပဏာမအစီအစဉ်အရ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုရေးစင်တာ တည်ထောင်ရန်နိုင်ငံတစ်ဝန်းရှိ နေရာ ၅၄ နေရာကို ရွေးချယ်သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သမ္မတ၏ မီဒီယာဌာနက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

၎င်းမီဒီယာဌာန၏ ထုတ်ပြန်ချက်အရ ပြည်နယ်ကိုးခုစီမှ နေရာ ခြောက်နေရာစီကို ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် ၂၅ နေရာကို လုပ်ငန်းစတင်ရန်   ဖြစ်နိုင်မဖြစ်နိုင်လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါစင်တာများတွင် အစိုင်အခဲစွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်မည့် ပစ္စည်းများအဖြစ်သို့  ပြောင်းလဲပေးနိုင်မည့် စက်ပစ္စည်းကိရိယာများကို တပ်ဆင်ပေးသွားမည်ဖြစ်သည်။              

ဆင်ဟွာ