ဩဂုတ် ၂၇

သီရိလင်္ကာနိုင်ငံအနောက်မြောက်ပိုင်းပြည်နယ်ရှိ ကုလိရာပိတိရာမြို့တွင် ကျောင်းကားတစ်စီးနှင့် သဲ၊ ကျောက်တင်ကားတို့တိုက်မိမှုဖြစ်ပွားရာ ယနေ့မနက်ပိုင်းတွင် ကျောင်းသားနှစ်ဦးအပါအဝင် သုံးဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

အဆိုပါယာဉ်မတော်တဆမှုတွင် အခြား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ထိုသေဆုံးသူများတွင် သဲ၊ ကျောက်တင်ကား၏ယာဉ်မောင်းလည်းပါဝင်သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။  ၂၀၂၄ ခုနှစ်က ယာဉ်မတော်တဆမှု ၂၄၀၃ ကြိမ်ဖြစ်ပွားပြီး ၂၅၄၁ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အချက်အလက်ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို