ကိုလံဘို စက်တင်ဘာ ၂၈
သီရိလင်္ကာအစိုးရသည် တရားမဝင်မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်စေရေးနှင့်ပတ်သက်ပြီး အမျိုးသားအဆင့် လှုပ်ရှားမှုတစ်ရပ်ကို နိုင်ငံတစ်ဝန်း စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးတစ်ဦးက စက်တင်ဘာ ၂၇ ရက်တွင် ပြောသည်။
ပြည်သူ့လုံခြုံရေးနှင့် ပါလီမန်ရေးရာဝန်ကြီး အနန္ဒာဝိဂျေပါလက ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးမှာ တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း သတင်းထောက်များကို ပြောကြားသည်။ ထို့ပြင် မကြာသေးမီနှစ်များအတွင်း မူးယစ်ဆေးဝါးစွဲသော ကလေးငယ်အရေအတွက် မြင့်တက်လာကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဝိဂျေပါလ၏ ပြောကြားချက်အရ သီရိလင်္ကာအကျဉ်းထောင်များတွင်ရှိသည့် အကျဉ်းသား ၇၂ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှုများအတွက် ပြစ်ဒဏ်ကျခံလျက်ရှိကြောင်း သိရသည်။ သီရိလင်္ကာအစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများကို တိုက်ဖျက်ဆောင်ရွက်ရာတွင် စီမံချက်အမျိုးမျိုးချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်တရားမဝင် မူးယစ်ဆေးဝါး အန္တရာယ်ပပျောက်စေရေး အမျိုးသားအဆင့်လှုပ်ရှားမှုက လက်ရှိကြိုးပမ်းအားထုတ်မှုများကို ပို၍အရှိန်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ဝိဂျေပါလက ပြောကြားသည်။
ဆင်ဟွာ


