စက်တင်ဘာ ၂၄
သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမရှစ်လတာကာလအတွင်း ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၅ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း ပို့ကုန်တိုးတက်ရေးဘုတ်အဖွဲ့ ( အီးဒီဘီ )က ယမန်နေ့က ၎င်း၏နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ်အတွင်း ပို့ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် အလားတူကာလက ပို့ကုန်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၆ ဒသမ ၆၁ ရာခိုင်နှုန်း တိုးတက်မှုရှိသည်ဟု အီးဒီဘီက ပြောကြားသည်။
ဩဂုတ်လက ကုန်စည်နှင့် ဝန်ဆောင်မှု နှစ်ခုစလုံး၊ ပို့ကုန်စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရှိသည်ဟု အီးဒီဘီက ဆိုသည်။
သီရိလင်္ကာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် ပို့ကုန်သတ်မှတ်ချက်ကို ပြည့်မီမည်ဟု ယုံကြည်ကြောင်း အီးဒီဘီကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


