ကိုလံဘို စက်တင်ဘာ ၁

သီရိလင်္ကာနိုင်ငံသို့ ယခုနှစ် ဩဂုတ်လအတွင်း  နိုင်ငံတကာခရီးသွားဝင်ရောက်မှု  စံချိန်တင် ၂၀၀၀၀၀   နီးပါးရှိလာကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့က စက်တင်ဘာ   ၁ ရက်တွင်   ပြောသည်။

သီရိလင်္ကာနိုင်ငံသို့ ဩဂုတ်လတွင် နိုင်ငံတကာခရီးသွား ၁၉၈၂၃၅ ဦး   ဝင်ရောက်မှုရှိခဲ့ပြီး   ယမန်နှစ်အလားတူလနှင့် နှိုင်းယှဉ်လျှင် ၂၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။  သီရိလင်္ကာနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ နိုင်ငံတကာ ခရီးသွားစုစုပေါင်း ၁၅၆၆၅၂၃ ဦး လာရောက်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ကာလအတွင်း အိန္ဒိယ၊ ဗြိတိန်၊  ရုရှား၊ ဂျာမနီနှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားများ  အများဆုံးလာရောက်ကြကြောင်း သိရသည်။ သီရိလင်္ကာဗဟိုဘဏ်က ဖော်ပြသော အချက်အလက်များအရ ခရီးသွားလုပ်ငန်းသည် သီရိလင်္ကာနိုင်ငံအတွက် ထိပ်တန်းနိုင်ငံခြားငွေရရှိသည့် အရင်းအမြစ်တစ်ခုဖြစ်ပြီး ယခုနှစ် ပထမခုနစ်လအတွင်း  အမေရိကန်ဒေါ်လာ  ၂   ဘီလီယံကျော် ရရှိခဲ့ကြောင်း  သိရသည်။                                             

ဆင်ဟွာ