ရန်ကုန် ဒီဇင်ဘာ ၁၁

 

၁၃၈၇ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၈)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြသည်။

 

ထိုသို့လှူဒါန်းရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ငွေကျပ် ၁၄၅ သိန်းကျော်တန်ဖိုးရှိ အင်္ကျီ၊ ပုဆိုး၊ လက်ဆွဲအိတ်၊ ခြုံပဝါနှင့် ပါတိတ်လုံချည်များ၊ ဒေါက်တာခင်ခင်ရီ (ရှိုင်းဟုပ်ကုမ္ပဏီ)က အလှူငွေကျပ်သိန်း ၁၀၀၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမျိုးသားစာပေဆုရှင် တာမိုးညဲ သီဟလွင်တို့က ငွေကျပ်သိန်း ၃၀ စီ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၂ဝ၊   နေပြည်တော်ကောင်စီက ငွေကျပ် ၁၇၆ဝဝဝဝ၊ ဒေါက်တာတင်ထွန်းဦး-ဒေါက်တာ ခင်မိုးမိုး (စွယ်စုံမီဒီယာဂရု)က ငွေကျပ် ၁၁ သိန်း၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ Nation Light Company Limited နှင့် ဦးကိုကိုလတ် (ရွှေအိုလတ်)တို့က ငွေကျပ် ၁၀ သိန်းစီ၊ ဆရာကြီး ဦးညွန့်ဆွေ (မောင်ဆွေသက်) - ဆရာမကြီး သရက် မသက်ဆွေ၊ ဗိုလ်မှူးချုပ်အေးမြင့်ကြူ(ငြိမ်း)(ချစ်ဆွေမြင့်)-ပါမောက္ခဒေါက်တာခင်ဆွေမြင့် (ဆွေယင်းမာ-ရန်ကုန်တက္ကသိုလ်)တို့က ငွေကျပ်ငါးသိန်းစီ၊ ဓနုဖြူမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၂ဝဝဝဝ၊  ဦးကြည်ဝင်း (ထေရအောင်)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်စာရေးဆရာအသင်း၊ စမ်းချောင်းမြို့နယ်စာရေးဆရာအသင်း၊ ကျောက်တန်းမြို့နယ်စာရေးဆရာအသင်းနှင့် မိုးညှင်းမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ၊  မမိုးအေး(ကိုယ်တိုင်ရေး)၊ ဒေါက်တာဗိုလ်သံမဏိ (တောင်တွင်းကြီး)နှင့် ဒဂုံမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ ဦးကျော်ဇေယျထွန်း(ဇေယံ)က ငွေကျပ် နှစ်သောင်း၊ ဦးထွန်းနေလင်း(သျှင်သီရိနေ)က ငွေကျပ် ၂၅၉၂၀၀၀ တန်ဖိုးရှိ စာအုပ် ၂၈၈ အုပ် ပေးအပ်လှူဒါန်းကြရာ  အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် (စနေနေ့)တွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်