ရန်ကုန် ဒီဇင်ဘာ ၁၇
သက်ကြီးသတင်းစာ ပညာရှင်ကြီးများအတွက် ပထမအကြိမ် ထောက်ပံ့ကူညီမှုများကို ဇန်နဝါရီလက ပြုလုပ်ပေးခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ် ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံးတွင် ပြုလုပ်ရာ စွယ်စုံမီဒီယာဂရုမှ ဒေါက်တာတင်ထွန်းဦးနှင့် ဇနီး ဒေါက်တာခင်မိုးမိုးတို့က အလှူငွေ ကျပ် ၁၁ သိန်းကို သတင်းမီဒီယာ ဖွံ့ဖြိုးရေးကော်မတီ ခေါင်းဆောင် ဦးခင်မောင်ကျော်ဒင်ထံသို့ ပေးအပ် လှူဒါန်းသည်။
လှူဒါန်း
သက်ကြီးသတင်းစာပညာရှင်ကြီးများအား ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းပွဲအတွက် ပါဝင်လှူဒါန်းလိုပါက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အမှတ် ၃၉၂ - ၃၉၆ ကုန်သည်လမ်း (၉)ရပ်ကွက် ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ ဖုန်း ၀၉-၄၂၉၂၅၈၇၁၉၊ ၀၉-၄၄၈၀၂၆၃၂၆ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


