နေပြည်တော် ၂၇ စက်တင်ဘာ
သမိုင်းဝင် ဗိုလ်ချုပ် “အောင်ဆန်း” ရုပ်ရှင်စတင်ရိုက်ကူးခြင်း ကန်တော့ပေးပွဲ မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်အောင်မြေရှိ ထီးတော်ရုံတန်ဆောင်း၌ ကျင်းပခဲ့သည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ် သမိုင်းမှတ်တမ်းကို ရုပ်ရှင်ဇာတ်လမ်းအဖြစ် တင်ဆက်နိုင်ရန် ကြိုးပမ်းအားထုတ်မှုအပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါသည်။
နိုင်ငံတကာတွင် အချိနိုင်ငံတို၌ ၎င်းတို၏ အမျိုးသားခေါင်းဆောင်ကီးများကို ဂုဏ်ပြုသောအားဖြင့် ထိုခေါင်းဆောင်၏ အတပတ္တိ သမိုင်းမှတ်တမ်းကို နှောင်းလူတိုသိရှိနိုင်စေရန် တခမ်းတနားတင်ဆက် ပြသကသည်။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် အစောပိုင်းကာလက ထင်ရှားကျော်ကြားသော မြန်မာအမျိုးသား ခေါင်းဆောင်များနှင့် ဆက်စပ်၍ ရာဇဝင်သမိုင်းကြောင်း အတပတ္တိ သိုမဟုတ် သမိုင်းဇာတ်လမ်းကောင်းများကို ရိုက်ကူးတင်ဆက်ခဲ့ကဖူးသော်လည်း နောက်ပိုင်းကာလတွင် ကုန်ကျစရိတ်ကီးမားခြင်း၊ စရိုက်တူတီထွင် ဖန်တီးနိုင်ရန် ခက်ခဲခြင်းနှင့် ရုပ်ရှင်စျေးကွက်မရှိခြင်းတိုကြောင့် ထိုကဲ့သိုဇာတ်လမ်းများ ရိုက်ကူးမ မရှိသေလာက်ဖြစ်ခဲ့သည်။
ထိုသိုသော ခက်ခဲရှားပါးမများနှင့်အတူ ဗိုလ်ချပ်အောင်ဆန်း နှစ်ရာပြည့်လွန်ကာလတွင် မြန်မာတစ်မျိုးသားလုံး၊ မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အမျိုးသားခေါင်းဆောင်ကီး၊ လွတ်လပ်ရေးဗိသုကာကီး၊ တပ်မတော်၏ဖခင်ကီး၊ အာဇာနည်ခေါင်းဆောင်ကီး၏ သမိုင်းကြောင်းကို နိုင်ငံတော်၏ ကမကထပြုမ၊ ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင်များ ပူးပေါင်းပါဝင်မ၊ စေတနာရှင်များ၊ ဝါသနာရှင်များ ပါဝင်ပံ့ပိုးကူညီမများဖြင့် ယခုလကုန်တွင် သမိုင်းဝင်၊ ဂဝင်ဇာတ်လမ်းကီးကို စတင်ရိုက်ကူးတော့မည်ဖြစ်သည်။
ရုပ်ရှင်ဇာတ်လမ်းဆိုသည်မှာ အနုပညာသရုပ်ဖော်ခံစားတင်ပြမ လုပ်ငန်းများတွင် အခက်ခဲဆုံး၊ သိမ်မွေ့နက်နဲကျယ်ပြန့်ဆုံး အသက်မွေးဝမ်းကျောင်း ပညာဖြစ်သည်။ ရုပ်ရှင်တွင် အနုသုခုမ ပညာတစ်ရပ်ကို တတ်မြောက်ရုံဖြင့်မပီးခေျ။ ဇာတ်လမ်း၊ ဇာတ်အိမ်၊ သရုပ်ဆောင် စသည့် အကောင်အထည်ဖော်မအားလုံး အဘက်ဘက်တွင် လစ်ဟာမ တစ်စုံတစ်ရာမရှိဘဲ ကည့်ခံစားကြသော ပရိသတ်ကို အလုံးစုံ ဖမ်းစားနိုင်အောင် ကြိုးပမ်းအားထုတ်ရသော အလွန်အရေးပါသည့် လုပ်ငန်းဖြစ်သည်။
ဇာတ်လမ်းတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် အသက်ဝင်အောင်ရိုက်ကူးရာ၌ ရုပ်ရှင်ကည့်ပရိသတ်များ ကျေနပ်နှစ်သက်စေရုံဖြင့်မပီးဘဲ ရိုက်ကူးရခြင်း၏ စေတနာဆနှင့် အကျိုးရှိသောအနုပညာရသများကို ပရိသတ်များ အပြည့်အဝရရှိနိုင်အောင် ကြိုးပမ်းအားထုတ်ကပါသည်။ ကြိုးပမ်းအားထုတ်ရာ၌ ဇာတ်လမ်းအတိမ်အနက်နှင့် ဇာတ်အိမ်တန်ဖိုး အနည်းအများအေပတွင် မူတည်၍ အားထုတ်ရမ ကွာခြားချက် အနည်းအများရှိသည်။ ယခုရိုက်ကူးတော့မည့် "အောင်ဆန်း" ရုပ်ရှင်၏ ဇာတ်လမ်း အတိမ်အနက်၊ ဇာတ်အိမ်တန်ဖိုး မည်မကီးမားမည်ကို မှန်းဆကည့်နိုင်မည်ဖြစ်သည်။
အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် အဘက်ဘက်က ကိတင်ပြင်ဆင်ဆောင်ရွက် ထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ ရုပ်ရှင်သမိုင်းကြောင်းတွင် ပြည်သူတစ်ရပ်လုံး အစဉ်အမဲ ဂုဏ်ယူလေးစားကသည့် အမျိုးသားခေါင်းဆောင်ကီး ဗိုလ်ချပ်အောင်ဆန်း၏ သမိုင်းကြောင်း ဖြစ်စဉ်ရုပ်ရှင်ဇာတ်လမ်းသည် သမိုင်းတွင်မည့်ရုပ်ရှင်ဖြစ်၍ အဘက်ဘက်မှ လစ်ဟာမ မရှိအောင်ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေကသည်။ ဇာတ်ကောင်စရိုက်နှင့် နောက်ခံအကြောင်းအရာများကို အနီးစပ်ဆုံး ပုံဖော်ဖန်တီးရေးမှာ အလွန်ခက်ခဲပီး အရေးကီးသောအချက်များဖြစ်၍ မြန်မာနိုင်ငံရုပ်ရှင် ကမှ သမိုင်းကြောင်းရုပ်ရှင် ရိုက်ကူးတင်ပြခဲ့သည့် ဇာတ်လမ်း၊ ဇာတ်ကောင် ရှေးခေတ်ကအားသာမ၊ နောက်ပိုင်းအားနည်းမများကို သင်ခန်းစာယူပီး ဖန်တီးနိုင်လိမ့်မည်ဟု ယုံကည်ပါသည်။
သိုဖြစ်ရာ အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးသည် သမိုင်းတွင်မည့် အနုပညာဖန်တီးမတစ်ခု ဖြစ်သည်။ နောင်လာနောက်သား မြန်မာနိုင်ငံသားများ၏ နှလုံးသားတွင် အမျိုးသား ခေါင်းဆောင်ကီး၏ နိုင်ငံနှင့် လူမျိုးအတွက် မည်သိုမည်ပုံ စွန့်လတ်စွန့်စားအနစ်နာခံ၍ ကြိုးပမ်းအားထုတ်မများ၊ အများနှင့်မတူသည့် ပြုမူဆောင်ရွက်မများအား သိရှိမှတ်သား စွဲထင်ကျန်ရစ်ပီး အောင်ဆန်းကဲ့သို သားကောင်းရတနာများ ပေထွန်းလာစေမည့် အနှစ်သာရများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း။ ။
ကြေးမုံ


