တောင်ကြီး ဒီဇင်ဘာ ၇

 

ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၆ ရက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပုလဲတင့်ကျေးရွာရှိ ရွှေပုလဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားများမှ ဆောင်ရွက်လျက်ရှိသည့် စီပီကြက်မွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝိုးတောင်း