စစ်ကိုင်း ၁၁  ဖေဖော်ဝါရီ

 

သမဝါယမတက္ကသိုလ်(စစ်ကိုင်း) (၇)နှစ်မြောက် တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်းအမှတ် သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်ခြင်း၊ ဈေးရောင်းပွဲတော် ကျင်းပခြင်းနှင့်  (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားပဒေသာကပွဲကို ဖေဖော်ဝါရီ ၁၁  ရက်နေ့က သမဝါယမတက္ကသိုလ် (စစ်ကိုင်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

တိုင်းရင်းသားပဒေသာကပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဒေါ်မို့မို့ရီက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်:ပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

MDN