သပိတ်ကျင်းနှင့် လားရှိုးမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၃၁

သပိတ်ကျင်းနှင့် လားရှိုးမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် သပိတ်ကျင်းမြို့နယ် ဝါးဖြူ တောင်ကျေးရွာအုပ်စု ဖော့တောကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်  လှိုင်မိုးဝင်း မောင်းနှင်ပြီး နိုင်လင်းဦး၊ အောင်စိုးလင်း နှင့် ကျော်ဇင်ထွန်း တို့ လိုက်ပါလာသည့် PAJERO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  ဘိန်းဖြူ ၂ ဒသမ ၁ ကီလိုကို လည်းကောင်း၊  အလားတူ ဩဂုတ် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ ရပ်ကွက်(၅)နေ ကျော်ရင်(ခ)အားဝမ် ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မခေါင်ညွယ်(ခ) ဘောက်နူးပန် အားတွေ့ရှိပြီး စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၁ ဒသမ ၃ ကီလို၊ Happy Water သုည ဒသမ ၀၇ ကီလို၊ Ecstasy ဆေးပြား ၅၅၀ နှင့် Happy 5 ဆေးပြား ၄၀၀ တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်