သပိတ်ကျင်းနှင့်မင်္ဂလာဒုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃၁ ရက် ၅နာရီခွဲတွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာအုပ်စု၊ လမ်းလယ်ကျစ်ကျေး ရွာ အနီးတွင် ရဲမြင့် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၀၀ သိမ်းဆည်းရမိခဲ့ပြီး အလားတူ ၅ နာရီ ၄၅ မိနစ်တွင် အဆိုပါနေရာ၌ သက်နိုင်ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇,၄၀၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၁ နာရီခွဲတွင်  မင်္ဂလာဒုံမြို့နယ်၊ ချစ်တီး ကုန်းရပ်ကွက်ရှိ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းတွင် စိုင်းသန်းစိုးကြိုင် (ခ)ကိုစိုင်း ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၄,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီ မိနစ်၄၀ တွင်  မူးယစ်ဆေးဝါးများရောင်းချခိုင်းသူ စန်းဝင်းအောင် ကို အောင်မင်္ဂလာအဝေး ပြေးယာဉ်ရပ်နား စခန်းဝင်းအတွင်း၌ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား